ကလေးအလုပ်သမားပပျောက်ရေးအတွက် အသိပညာပေးလုပ်ငန်းများ ကျွန်းစုမြို့၌ ဆောင်ရွက်

ကျွန်းစု ဇွန် ၁၃

ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့ (World Day Against Child Labor) ကို နှစ်စဉ် ဇွန်လ ၁၂ ရက် တွင် ကမ္ဘာတစ်ဝှမ်းလုံး၌ သတ်မှတ်ကျင်းပလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက တနင်္သာရီတိုင်း‌ဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၌ ကလေးများ၏ အခွင့်အရေးကို ကာကွယ်ရေးနှင့် ကလေးအလုပ်သမားပပျောက်ရေးအတွက်  အသိပညာပေးခြင်းလုပ်ငန်းများ  ဆောင်ရွက်သည်။

အသိပညာပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စန်းဝင်းက ကလေးအလုပ်သမား၏ အဓိပ္ပာယ်၊ ကလေးအလုပ်သမား၏ ဆိုးကျိုးများ၊ ပညာရေးချို့တဲ့မှုတို့သည် ကလေးအလုပ်သမား၏ အဓိကအကြောင်းရင်းများဖြစ်သဖြင့်  ကျောင်းနေအရွယ်ကလေးတိုင်း ပညာသင်ယူခွင့်ရရှိရေးတို့ကို ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးသန့်ကကလေးအလုပ်သမားများကို ကာကွယ်ရန် ပြဋ္ဌာန်းထားသော ဥပဒေများအား ရှင်းလင်းပြောကြားသည်။

ထိုနောက် ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များနှင့် တာဝန်ရှိသူများက ချိုတဲ့သည့်ကလေးများအား ပညာသင်ယူခွင့်ရရှိနိုင်ရေးအတွက် ကဏ္ဍအသီးသီးဆွေးနွေးတင်ပြခဲ့ပြီး ကလေးများအတွက် သင်ထောက်ကူပစ္စည်းများပေးအပ်နိုင်ရေးအတွက် လှူဒါန်းငွေများ ထည့်ဝင်လှူဒါန်းပေး‌သည်။

ထက်မြင့်(ကျွန်းစု)