ဟုမ္မလင်းမြို့၌ မူးယစ်‌ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်၊ နံရံကပ်စာစောင်ပြပွဲကျင်းပ

ဟုမ္မလင်း ဇွန် ၁၃

စစ်ကိုင်းတိုင်းဒေသကြီး ၊ မူးယစ်‌ဆေးဝါးတားဆီးနှိမ်နှင်း‌ရေးရဲတပ်ဖွဲ့အမှတ် (၉)မူးယစ်တပ်ဖွဲ့စု ဟုမ္မလင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ ဟုမ္မလင်းမြို့နယ်၊ခေါင်ခမ်းအုပ်စု၊ နားနှုံးကျေးရွာအ‌ခြေခံပညာမူလတန်းလွန်ကျောင်း၌ မူးယစ်‌ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး၊ အသိပညာပေးဟောပြောပွဲနှင့်စာအုပ်စာစောင်၊ နံရံကပ်စာစောင်ပြပွဲအခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က ကျင်းပခဲ့သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် နားနှုံးကျေးရွာအ‌ခြေခံပညာမူလတန်းလွန်ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မူမူဝင်းက အဖွင့်အမှာစကားပြောကြား၍၊ ဟုမ္မလင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဧဆက်ကလူငယ်နှင့် စာဖတ်ခြင်းအ‌လေ့အထခေါင်းစဉ်ဖြင့် အသိပညာပေးဆွေးနွေးခဲ့ပြီး အမှတ်(၉) မူးယစ်တပ်ဖွဲ့စု၊ ခေတ္တတပ်ဖွဲ့စုမှူး ဒုရဲမှူး မြင့်အောင်က"မူးယစ်အန္တရာယ်တို့ကာကွယ်" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အသိပညာပေး၊ ရှင်းလင်းဆွေးနွေးခဲ့ကာ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဧဆက်က၊ နားနှုံးကျေးရွာအ‌ခြေခံပညာမူလတန်းလွန်ကျောင်းအတွက် စာအုပ်စာစောင်များလှူဒါန်းခဲ့ပြီး၊ အမှတ်(၉) မူးယစ်တပ်ဖွဲ့စု၊ ခေတ္တတပ်ဖွဲ့စုမှူး ဒုရဲမှူး မြင့်အောင်က" မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး လက်ကမ်းစာစောင်၊ စောင်ရေ(၂၀၀)ခန့်‌ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် သုတ/ရသစာအုပ်စာစောင်များ၊ အသိပညာပေး နံရံကပ်စာစောင်များကို အသိပညာ‌ပေးဟောပြောပွဲတွင် တက်ရောက်လာသူများက   စိတ်ဝင်တစားလေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

အဆိုပါအသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်၊ နံရံကပ်စာစောင်ပြပွဲသို့ အမှတ်(၉)မူးယစ်တပ်ဖွဲစု၊ ခေတ္တတပ်ဖွဲ့စုမှူး ဒုရဲမှူး မြင့်အောင်နှင့် မူးယစ်ရဲတပ်ဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဟုမ္မလင်း(ပြန်/ဆက်)