ပုလောမြို့နယ် ရှပ်ပုံကျေးရွာ၌ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် Abate ဆေးခပ်ခြင်း၊ ခြင်း‌ဆေးဖြန်းခြင်းများ ဆောင်ရွက်

ပုလော ဇွန် ၁၃

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့၌၊ မိုးဦးကျတွင် ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားစေရန် ကြိုတင်ကာကွယ်နိုင်ရေး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပုလောမြို့နယ် ရှပ်ပုံကျေးရွာ၌  ဇွန်လ ၁၃ ရက်နေ့ နံနက်က ခြင်ဆေးဖြန်းခြင်း၊ အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းများဆောင်ရွက်ရာတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အတွက် ပုလောမြို့နယ် ကျန်းမာရေးဝန်ထမ်းများက ရေစည်၊ ရေအိုးများအား ခြင်ပေါက်ပွားမှု ရှိ/ မရှိ စစ်ဆေးခြင်း၊ ခြင်ပေါက်ဖွားနိုင်သည့် ရေစည်၊ ရေအိုး၊ ရေသိုလှောင်ကန်များ အဖုံးဖုံးအုပ်ရန် အသိပညာပေးခြင်း၊ သောက်ရေသုံးရေထည့်ထားသည့် ရေစည်၊ ရေအိုးများ၊ ဘုရားပန်းအိုးများအား ခြင်မပေါက်ပွားအောင် လဲလှယ်ပြောင်းထည့်ခြင်း၊ စွန့်ပစ်တာယာဟောင်းများ၊ ဘူးခွံများမှရေများအား သွန်ပစ်ခြင်း၊ ရေမလှယ်နိုင်သည့် အုတ်ကန်များကို ရေစစ်ဖြစ်စစ်ထုတ်ခြင်း Abate ဆေးခတ်ခြင်းနှင့် ခြင်ဆေးဖျန်းခြင်း စသည့် ကြိုတင်ကာကွယ်ခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အေးအေးမော်(ပုလော)