ပုလောမြို့နယ်၌ ၂၀၂၅-၂၀၂၆ ခုနှစ်၊ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် အကျိုးဆောင်တောင်သူများအား မျိုးစေ့ပေးအပ်ခြင်းနှင့် ယူရီးယားဓာတ်မြေဩဇာများကို ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချခြင်း အခမ်းအနား ကျင်းပပြုလုပ်

ပုလော ဇွန် ၁၃

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ  ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး စိုက်ပျိုးမည့် အကျိုးဆောင်တောင်သူများအား မျိုးစေ့ပေးအပ်ခြင်းနှင့် ယူရီးယားဓာတ်မြေဩဇာများကို ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချခြင်း အခမ်း အနားကို ဇွန်လ ၁၃ ရက်နေ့ နံနက် ၁၀  နာရီအချိန်က ပုလောမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ပေးအပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးထွန်းဧရာဝင်းက  အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်ဦးစီးမှူး ဦးအေးဝင်းက မိုးစပါးစိုက်ပျိုးသူ အကျိုးဆောင်တောင်သူများကို ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် မျိုးစေ့များ ထောက်ပံ့ပေးအပ်ရခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

ထိုနောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူးနှင့်တာဝန်ရှိသူများက ယခုနှစ်မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး ဆောင်ရွက်နေသည့် ပုလောမြို့ အမှတ် (၄) ရပ်ကွက်၊ ရှပ်ပုံကျေးရွာနှင့် မကျည်းကုန်းကျေးရွာများရှိ အကျိုးဆောင်တောင်သူ  ၂၇ ဦးအတွက် စံပြစိုက်ကွက် ဧက ၁၀၉ ဧကကို ဆင်းသုခမျိုးစ့ ၁၀၉ တင်းအား အကျိုးဆောင်တောင်သူများ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်းနှင့် ယူရီးယားဓာတ်မြေဩဇာများကို ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချခဲ့ကြောင်း  သိရသည်။

အေးအေးမော်(ပုလော)