လိပ်သို ဇွန် ၁၃
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် လိပ်သိုဒေသရှိ ဒေသခံများမှာ နှစ်ရှည်ပင်ဖြစ်သော ကော်ဖီပင်များကို စီးပွားဖြစ်စိုက်ပျိုးထားကြရာ ဒေသထွက် ကော်ဖီစေ့များမှာ မိုးရာသီကာလတွင် စျေးနှုန်းကျဆင်းလျက်ရှိနေကြောင်း သိရသည်။
ဒေသတွင်းရှိ ကော်ဖီသိုလှောင်ရောင်းဝယ်သူပွဲစားများက ကော်ဖီဆွတ်ခူးချိန်တွင် ကော်ဖီအစိမ်းသီးများကို လိုက်လံဝယ်ယူပြီး အခြောက်လှန်းကာ ကော်ဖီစေ့များကို သိုလှောင်ထားကြကြောင်း၊ လိပ်သိုမြို့ပေါ်၌ နွေရာသီကာလက ကော်ဖီစေ့ တစ်ပိဿာလျှင် (၄၀၀၀ဝိ/-) ကျပ်အထိ စျေးကောင်းရရှိခဲ့သော်လည်း ယခုမိုးရာသီကာလတွင် (၃၀၀၀ဝိ/-) ကျပ်မှ (၃၅၀၀ဝိ/-) ကျပ်အထိသာ စျေးရရှိနေကြောင်း သိရသည်။
ကော်ဖီစေ့များ စျေးနှုန်းကျဆင်းလာသောကြောင့် ကော်ဖီစေ့သိုလှောင်ထားသူအချို့မှာ ကော်ဖီမှုန့်ကြိတ်ပြီး ရောင်းချလျက်ရှိနေကြောင်း၊ သိုလှောင်ထားသူ ဒေသခံများမှာ ကော်ဖီစေ့များ စျေးနှုန်းပြန်လည်မြင့်တက်ရရှိရန် မျှော်လင့်လျက်ရှိနေကြောင်း သိရသည်။
ခင်လေးနွယ်