မြဝတီမြို့၊ ရပ်ကွက်(၅)ခုမှ ယာယီနေရပ်စွန့်ခွာသူ (၂၀၄၈)ဦးအား ဆန်အိတ်(၃၅၈)အိတ် ထောက်ပံ့ပေးအပ်

မြဝတီ ဇွန် ၁၃

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက် (၅) ခုမှ ယာယီနေရပ်စွန့်ခွာပြည်သူများအား ဆန်အိတ်များ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက် (၁၀)နာရီက အမှတ်(၃) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းနိုင်၏ ဦးဆောင်မှုဖြင့် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးဉာဏ်မြင့်၊ အမှတ်(၃)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးရွှေတင်နှင့် ရာအိမ်မှူးတို့က ကိုးရီးယားနိုင်ငံမှ လှူဒါန်းသည့် ဆန်အိတ် (၃၅၈)အိတ် (၄၀ ကီလိုဂရမ်)အား ယာယီနေရပ်စွန့်ခွာပြည်သူ အိမ်ထောင်စု (၆၂၇)စု၊ လူဦးရေ (၂၀၄၈) ဦးအတွက် ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ထောက်ပံ့ဆောင်ရွက်ခြင်းကို မြို့ပေါ်ရပ်ကွက်(၅)ခုမှ  ထိခိုက်ဆုံးရှုံးမှုများရှိခဲ့သည့် ယာယီနေရပ်စွန့်ခွာပြည်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)