ကော့သောင်း ဇွန် ၁၃
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်၊ ကော့သောင်းမြို့မ ရဲစခန်း မယ(ပ)၇၇/၂၀၂၄ အမှုမှ သက်သေခံပစ္စည်း Sulphuric Acid ၁,၇၅၀ ကီလိုဂရမ်ခန့်အား မြေကျင်းတူး၍ ဒေသတွင်းမြေမြှုပ်ဖျက်ဆီးခြင်းကို ယမန်နေ့နံနက်ပိုင်းက ကော့သောင်းမြို့နယ်၊ ဆယ်မိုင်ကျေးရွာအုပ်စုရှိ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှိုက်စွန့်ပစ်သည့်နေရာအနီးတွင် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ ကော့သောင်းမြို့မရဲစခန်း၊ မယ(ပ)၇၇/၂၀၂၄၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၆(ခ) အမှုမှ သိမ်းဆည်းရမိသော Sulphuric Acid Acid ပလတ်စတစ်ပုံး (၅၀)ပါ (၁၇၅၀)ကီလိုဂရမ်ခန့်အား အလျား ၇ ပေ၊ အနံ ၇ ပေ၊ အနက် ၁၅ ပေခန့် မြေကျင်း ၁ ကျင်းတူး၍ မြေမြှုပ်ဖျက်ဆီးခြင်းအခမ်းအနားသို့ စစ်ဗျူဟာ(အခြေချ) ကော့သောင်းမှ ဗိုလ်မှူးကြီး အောင်ကိုလတ်၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲမြတ်တင့်၊ ကော့သောင်းခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ခင်နိုင်၊ ကော့သောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်လင်းထက်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မျိုးခိုင်၊ အမှတ်(၃၄) မူးယစ်တပ်ဖွဲ့စုမှူး ရဲမှူး နိုင်နိုင်ဦးနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ပြီး ဒုတိယရဲမှူးကြီးခင်နိုင်နှင့်တာဝန်ရှိသူများမှမြေမြှုပ်ဖျက်ဆီးမည့်သက်သေခံပစ္စည်း Sulphuric Acid များအား ကြည့်ရှုစစ်ဆေး၍ မြေမြှုပ်ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)