ကော့သောင်း ဇွန် ၁၃
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန နှစ်(၃၀)ပြည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် ဝန်ကြီးဌာနမှ ဝန်ထမ်းများ စုပေါင်းသွေးလှူဒါန်းပွဲကို ကော့သောင်းမြို့၊ အေးမြကန်သာရပ်ကွက်ရှိ ကော့သောင်းပြည်သူ့ဆေးရုံတွင် ယမန်နေ့နံနက်(၁၀)နာရီခန့်က ဆောင်ရွက်ခဲ့သည်။
အဆိုပါ စုပေါင်းသွေးလှူဒါန်းပွဲဆောင်ရွက်နေမှုကို စစ်ဗျူဟာအခြေချ(ကော့သောင်း)မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး အောင်ကိုလတ်၊ ကော့သောင်းခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲမြတ်တင့်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ခင်နိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်လင်းထက်၊ ခရိုင်ဦးစီးမှူး (လဝက) ဦးကိုကိုနိုင်၊ ဒုတိယဌာနခွဲမှူး ဦးသန့်ဇင်၊ မြို့နယ်ဦးစီးမှူး ဦးချမ်းမြေ့ဇေဦး၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးမှူးဒေါက်တာလင်းထိုက်နှင့် တာဝန်ရှိသူများ ကြည့်ရှုအားပေးခဲ့ပြီး စုပေါင်းသွေးလှူဒါန်းသည့်ဝန်ထမ်း(၈)ဦးအား ကော့သောင်းခရိုင်/ မြို့နယ်/ လူဝင်မှုကြီးကြပ်ရေး ဒုတိယဌာနခွဲ(လဝက)မှ ဖြည့်စွက် အာဟာရအဖြစ် တစ်ဦးလျှင် နွားနို့(၁)ဗူးနှင့် ကြက်ဥ(၁၀)လုံး၊ ထောက်ပံ့ငွေ ၃၀၀၀ဝိ/-ကျပ် ချီးမြှင့်၍ ကော့သောင်းပြည်သူ့ဆေးရုံမှ သံဓာတ်အားတိုးဆေး (Iro-Up) တစ်လစာ ပေးအပ်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)