တောင်ငူ ဇွန် ၁၂
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန နှစ် (၃၀)ပြည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် တောင်ငူခရိုင်နှင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက် (၉)နာရီအချိန်တွင် စုပေါင်းသွေးလှူဒါန်းကြသည်။
ထိုသို့စုပေါင်းသွေးလှူဒါန်းရာသို့ တောင်ငူခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ခင်သန်းဝင်းက သွေးလှူဒါန်းကြသည့် အရာထမ်း၊ အမှုထမ်းဝန်ထမ်း (၁၁)ဦးအား လာရောက်ကြည့်ရှုအားပေးပြီး စားသောက်ဖွယ်ရာများပေးအပ်ကာ လိုအပ်သည်များ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)