ဖျာပုံမြို့နယ်တွင် ရှမ်းကွင်းကျေးရွာ ခေတ်မီစံပြကျေးရွာထူထောင်ရေး စီမံကိန်းမိတ်ဆက်ရှင်းလင်းပွဲကျင်းပ

ဖျာပုံ ဇွန် ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် ကျုံတာကျေးရွာအုပ်စု၊ ရှမ်းကွင်းကျေးရွာကို ခေတ်မီစံပြကျေးရွာထူထောင်ရေး စီမံကိန်းမိတ်ဆက်ရှင်းလင်းပွဲကို ယနေ့နံနက် (၁၀)နာရီခွဲ အချိန်က ရှမ်းကွင်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါရှမ်းကွင်းကျေးရွာ ခေတ်မီစံပြကျေးရွာထူထောင်ရေး စီမံကိန်းမိတ်ဆက် ရှင်းလင်းပွဲတွင် ဖျာပုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်ဝင်း၊ ဖျာပုံခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးထက်အောင်တို့မှ အဖွင့်အမှာစကားပြောကြားကြပြီး မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းအေးက စီမံကိန်းခေတ်မီစံပြကျေးရွာ ထူထောင်ရေးစီမံကိန်း၏အဓိကရည်မှန်းချက်၊ ရည်ရွယ်ချက်များအား အသေးစိတ် ရှင်းလင်းပြောကြားသည်။

ထို့နောက်ဖျာပုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးသန်းဇော်စိုးက စီမံကိန်းနှင့်ဆောင်ရွက်ရမည့် အခြေအနေများအား ရှင်းလင်းပြောကြားပြီး အခမ်းအနားသို့ တက်ရောက်လာကြသော ရှမ်းကွင်းကျေးရွာပြည်သူများမှ သိရှိလိုသည်များ မေးမြန်းကြရာ သက်ဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြကြောင်း သိရှိရသည်။

အောင်ဝင်းနိုင်