ဟိုင်းကြီးကျွန်း ဇွန် ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် ဒေသခံပြည်သူများနှင့်ဝန်ထမ်းများ သက်သာချောင်ချိရေးအတွက် အခြေခံစားသောက်ကုန်ပစ္စည်းများကို ယနေ့နံနက် (၀၈း၀၀)နာရီအချိန်တွင် ဟိုင်းကြီးကျွန်းမြို့ အမှတ်(၁)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးရှေ့၌ စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
ထို့သို့ရောင်းချရာတွင် မြို့အုပ်ချုပ်ရေးမှူး ဦးကောင်းစံနှင့်တာဝန်ရှိသူများသည် ရပ်ကွက်နေပြည်သူများ စားဝတ်နေရေးအဆင်ပြေစေရန်အတွက် ဆန်(၁)ပြည်လျှင် (၃၀၀၀)ကျပ်နှုန်းဖြင်း ဆန်(၁၆)ပြည်၊ ဆီ(၁)ပိဿာလျှင် (၆၅၀၀)ကျပ်နှုန်းဖြင့် (၈)ပိဿာ၊ ဝက်သား (၁)ပိဿာလျှင် (၁၃၀၀၀)ကျပ်နှုန်းဖြင့် (၅)ပိဿာ၊ ကြက်ဥ (၁) လုံးလျှင် (၂၅၀) ကျပ်နှုန်းဖြင့် (၁၀၀) လုံးတို့အား စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့ပြီး ရပ်ကွက်နေပြည်သူများမှလည်း ဝမ်းမြောက် ဝမ်းသာစွာဖြင့် ကျေးဇူးတင်လျက်ရှိကြောင်း သိရသည်။
လှိုင်မျိုးအောင်