ခန္တီးမြို့၌ မီးဘေးလုံခြုံရေးလိုက်လံစစ်ဆေး

ခန္တီး ဇွန် ၁၂

၂၀၂၅ ခုနှစ်၊ ဇွန်လ (၁၆) ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဒုတိယအကြိမ်ပြန်လည်ဖြေဆိုမည်ဖြစ်၍ စာစစ်ဌာနဖြစ်သည့် အခြေခံပညာအထက်တန်းကျောင်း(ခန္တီး)နှင့် ကျောင်းပတ်ဝန်းကျင်ရှိ လူနေအိမ်များတွင် ယနေ့ နံနက် (၈) နာရီအချိန်က မီးဘေးလုံခြုံရေးလိုက်လံစစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့ စစ်ဆေးရာတွင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကဦးဆောင်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်လျှပ်စစ်ဖြန့်ဖြူးရေးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ပူးပေါင်းကာ စာမေးပွဲဖြေဆိုနေစဉ် ကာလအတွင်း ကျောင်းသား/သူများ အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် ဖြေဆိုမည့်ကျောင်းဆောင်များနှင့် လူနေအိမ်များ မီးလောင်မှု/ မီးလန့်မှု မဖြစ်ပွားမပေါ်ပေါက်စေရန် မီးချိတ်မီးကပ်၊ သဲပုံးရေပုံးများ၊ မီးသတ်ဆေးဗူးများ၊ ရေသိုလှောင်ထားရှိမှုများ၊ မီးဖိုဆောင်မီးအသုံးပြုမှုများ၊ လျှပ်စစ်မီးသွယ်တန်းထားရှိမှုများ လိုက်လံစစ်ဆေးခဲ့ပြီး မီးဘေးအသိပညာပေးဟောပြောခြင်းများ ပြုလုပ်ခဲ့ကြကြောင်းသိရသည်။

ကမ်းကီး (ပြန်/ဆက်)