မြဝတီ ဇွန် ၁၂
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက် (၅) ခုမှ ရေဘေးသင့်ပြည်သူများအား ဆန်အိတ်များ ပေးအပ်ခြင်းကို ယနေ့နံနက် (၁၀) နာရီက အမှတ် (၂) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ဆောင်ရွက်သည်။
ထိုသို့ပေးအပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းနိုင်၏ ဦးဆောင်မှုဖြင့် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးဉာဏ်မြင့်၊ အမှတ် (၂) ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်ရာအိမ်မှူးတို့က အိန္ဒိယနိုင်ငံမှ လှူဒါန်းသည့် ဆန်အိတ် (၅၅၇) အိတ်အား ရေဘေးသင့်ပြည်သူအိမ်ထောင်စု (၁၀၆၁) စု၊ လူဦးရေ (၄၁၁၇) ဦးအတွက် ပေးအပ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ ထောက်ပံ့ဆောင်ရွက်ခြင်းကို မြို့ပေါ်ရပ်ကွက် (၅) ခုမှ ယာဂီမုန်တိုင်းကြောင့် ထိခိုက်ဆုံးရှုံးမှုများရှိခဲ့သည့် ရေဘေးသင့်ပြည်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ပေးအပ်ရခြင်းဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)