မိုးစပါး မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပိုက်ဆံလျှော် (သစ်စိမ်းမြေသြဇာ) ထည့်သွင်းခြင်းများ မြန်အောင်တွင်ဆောင် ရွက်လျက်ရှိ

မြန်အောင် ဇွန် ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ရိုက်ကျေးရွာအုပ်စု၊ ရိုက်ကျေးရွာ ကွင်းအမှတ် ၄၇၆၊ ဦးပိုင်အမှတ် ၅၅/၃ တောင်သူဦးဇော်ဝင်း၏ လယ်မြေ (၈) ဧကတွင် မိုးစပါးမြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် (ပိုက်ဆံလျှော်) သစ်စိမ်းမြေသြဇာ ထည့်သွင်းခြင်း အခမ်းအနားကို ယနေ့နံနက်ကကျင်းပသည်။

အခမ်းအနားတွင် မြန်အောင်ခရိုင် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကြီးကြပ်မှုလုပ်ငန်း ကော်မတီဥက္ကဋ္ဌ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းထွန်း၊ ခရိုင်/မြို့နယ် စိုက်တိုးမြှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများတက်ရောက် ကြည့်ရှုအားပေးခဲ့ကြသည်။

ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်က ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ မိုးစပါးအထွက်နှုန်းတိုးတက်စေရေးအတွက်သစ်စိမ်း မြေဩဇာ (ပိုက်ဆံလျှော်) ထည့်သွင်းရေး၊ ကြဲခင်းစနစ် ပပျောက်ရေးနှင့်သီးနှံစိုက်စွမ်းအား မြှင့်တင်ရေး ဆွေးနွေးပြောကြားခဲ့သည်။

မြန်အောင်မြို့နယ်အတွင်း ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးမြေဆီ လွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပိုက်ဆံလျှော် (သစ်စိမ်းမြေသြဇာ) များအား စိုက်ပျိုးရာသီ အချိန်မီထည့်သွင်းနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

ဝင်းဗိုလ်

မြန်အောင် (ပြန်/ဆက်)