ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း ကျောင်းကုန်းမြို့နယ်တွင်ပြုလုပ်သော သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ထယ်ထိုးထည့်သွင်းစိုက်ပျိုးပွဲ အခမ်းအနားတက်ရောက်

ပုသိမ် ဇွန် ၁၂

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ယနေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများနှင့်အတူ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာအုပ်စု၊ ဆူးပတောင်းကွင်းကျေးရွာ၌ ပြုလုပ်သော ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးရာသီ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးသစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ထယ်ထိုးထည့်သွင်းစိုက်ပျိုးပွဲ အခမ်းအနားတက်ရောက်ခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က တက်ရောက်လာသော တောင်သူများအား မြေဆီလွှာများ ပြန်လည်ကောင်းမွန်ရေး၊ ဓာတ်မြေဩဇာများလျော့ချ သုံးစွဲနိုင်ရေးအတွက် စိုက်ဧကများတွင် သဘာဝမြေဩဇာ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) များ ထည့်သွင်းစိုက်ပျိုးခြင်း ဖြစ်ကြောင်း၊ သစ်စိမ်းမြေဩဇာထည့်သွင်းစိုက်ပျိုးခြင်းဖြင့် ရရှိနိုင်မည့်အကျိုးကျေးဇူးများကို ပြောကြားခဲ့ပြီး တောင်သူဦးဝင်းမောင်၏ မိုးစပါးစိုက်ဧက (၆) ဧကတွင် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ထယ်ထိုးထည့်သွင်းစိုက်ပျိုးမှုများအား ကြည့်ရှုအားပေးခဲ့ပြီး တောင်သူများအား အောင်နိုင်တိုး စပါးမျိုးကောင်းမျိုးသန့်များပေးအပ်ခဲ့ကာ မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး၊ အထွက်တိုးမျိုးစပါးများ အသုံးပြုရေးနှင့် စိုက်နည်းစနစ်များပြောင်းလဲစိုက်ပျိုးစေရေး ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။

ကျော်ဟိန်း (ပြန်/ဆက်)