ကန့်ဘလူ ဇွန် ၁၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ် ရပ်ကွက်နေပြည်သူများအား စားအုန်းဆီများကို စျေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ရေးအတွက် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဥ်ဆောင်ရွက်မှုဖြင့် ယမန်နေ့နံနက်က အမှတ်(၂)ရပ်ကွက် အုပ်ချုပ်ရေးမှုးရုံးအနီး ကျွန်းရွှေဝါလမ်းဘေး၌ ရောင်းချပေးလျက်ရှိကြောင်းနှင့် ကျန်မြို့ပေါ်ရပ်ကွက်လေးခုမှ ရပ်ကွက်နေပြည်သူများအား သတ်မှတ်စုရပ်နေရာများတွင် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ရောင်းချပေးရာတွင် ရပ်ကွက်နေပြည်သူများ လွယ်ကူအဆင်ပြေစွာဝယ်ယူနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ေရးအဖွဲ့၏ ဦးဆောင်မှုဖြင့် သက်ဆိုင်ရာဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ပြည်သူတစ်ဦးလျှင် စားအုန်းဆီ ၅၀ ကျပ်သားကို ငွေကျပ် ၃၉၀၀ နှုန်းဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
အောင်ဝင်းငြိမ်း