ကသာ ဇွန် ၁၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ရောက်ရှိနေသည့် ယာယီနေရပ်စွန့်ခွာပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေများချီးမြှင့်ပေးအပ်ခြင်းကို ဒုတိယနေ့ ယနေ့နံနက် (၁၀) နာရီအချိန်က မြို့တော်ခန်းမ၌ ဆက်လက်ကျင်းပပြုလုပ်ခဲ့သည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များ၏ ကြီးကြပ်မှုဖြင့် တာဝန်ရှိသူများက ယာယီနေရပ်စွန့်ခွာ ပြည်သူတစ်ဦးလျှင် ထောက်ပံ့ချီးမြှင့်ငွေ နှစ်လစာအတွက်ငွေကျပ် (၄၀၀၀၀) နှုန်ဖြင့် လူဦးရေ (၃၁၀) ဦးအတွက် ချီးမြှင့်ငွေကျပ် (၁၂၄၀၀၀၀၀)/- ထောက်ပံ့ပေးအပ်ခဲ့ကြောင်း၊ ကသာမြို့တွင် ယာယီနေရပ်စွန့်ခွာ ပြည်သူစုစုပေါင်း (၃၁၀၀) ဦးကျော်ရှိပြီး ယနေ့တွင် (၃၁၀) ဦးအတွက် ချီးမြှင့်ငွေပေးခြင်းဖြစ်သည်။ ကျန်ရှိနေသော ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် ချီးမြှင့်ငွေထောက်ပံ့ပေးအပ်နိုင်ရေး စီစစ်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ သိရသည်။
ကျော်စွာထွန်း (ကသာ)