ကန့်ဘလူမြို့၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များဆောင်ရွက်

ကန့်ဘလူ ဇွန် ၁၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှတာဝန်ရှိသူများနှင့်ဝန်ထမ်းများသည် ယနေ့နံနက် ၁၀ နာရီက ကန့်ဘလူမြို့ အမှတ်(၂)ရပ်ကွက်နေပြည်သူများအား ပန်းခင်းစီမံချက်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ကတ်များကို အမှတ်(၂)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ရပ်ကွက်အတွင်းရှိ အိမ်ထောင်စုဝင်များအတွက် အိမ်ထောင်စုလူဦးရေ စာရင်းနှင့်အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံသားစိစစ်ရေးကတ် မပြုလုပ်ရသေးသူများ၊ အသက် ၁၀ နှစ်ပြည့်ပြီးသူများ၊ အသက် ၁၈ နှစ်ပြည့်ပြီးသူများအား လိုအပ်သောသက်သေခံအထောက် အထားများ၊ စာရွက်စာတမ်းများစိစစ်၍ ဥပဒေနှင့်အညီထုတ်ပေးနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိ ကြောင်းနှင့်စီမံချက်ကာလအတွင်း နိုင်ငံသားအခွင့်အရေးများ ဆုံးရှုံးမှုမရှိစေရေးအတွက် ယခုလိုကွင်းဆင်းဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှူး ဦးဖြိုးလျှံမြတ်က ပြောသည်။

ဝန်ထမ်းများက လာရောက်လုပ်ကိုင်သူ ရပ်ကွက်နေပြည်သူများ၏ စာရွက်စာတမ်းများ စုံလင်မှုရှိ၊ မရှိစိစစ်ကာ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြုလုပ်ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိရာ အဆိုပါလုပ်ငန်းများ အဆင်ပြေစေရေး ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းတို့က ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အောင်ဝင်းငြိမ်း