ချောင်းသာမြို့၌ ကိုဗစ်ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံ

ချောင်းသာ ဇွန် ၁၂

ဧရာ၀တီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့ရှိ ပြည်သူများနှင့်နိုင်ငံ့၀န်ထမ်းများအား ကိုဗစ်ထပ်ဆောင်းကာကွယ်ဆေး (PFIZER VACCINE) ထိုးနှံပေးခြင်းကို ယမန်နေ့က ချောင်းသာမြို့ တိုက်နယ်ကျန်းမာ‌ရေးဌာနတွင် ဆောင်ရွက်ခဲ့‌ကြောင်းသိရသည်။

ထိုသို့ကာကွယ်‌ဆေး ထိုးနှံပေးခြင်းကို အသက် (၁၈) နှစ်ပြည့်ပြီး ကိုဗစ်-၁၉ကာကွယ်ဆေး တစ်ကြိမ်တခါမှ မထိုးနှံခဲ့ဖူးသူများနှင့် ကာကွယ်ဆေးထိုးနှံပြီး ခြောက်လပြည့်ပြီးသူများအား ထိုးနှံပေးခြင်းဖြစ်ကြောင်း တာဝန်ရှိသူများထံမှ သိရသည်။

အဆိုပါ ကိုဗစ်ထပ်ဆောင်း ကာကွယ်ဆေးလာရောက်ထိုးနှံသည့် ပြည်သူများနှင့် နိုင်ငံ့၀န်ထမ်း များအား တိုက်နယ်ကျန်းမာ‌ရေးဌာနမှ ဦးထွန်းအောင်ကို (ကျန်းမာရေးကြီးကြပ်-၁) နှင့် ကျန်းမာရေး ၀န်ထမ်းများက ကျန်းမာရေး၀န်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကာကွယ်ဆေးများကို စနစ်တကျထိုးနှံပေးခဲ့ကြောင်း သိရသည်။

ကျော်ကျော် (ပြန်/ဆက်)