ချောင်းသာမြို့ ခြောက်ကောင်၌ ငှက်ဖျားရောဂါကာကွယ်ရေး အသိပညာပေးခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ချောင်းသာ ဇွန် ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်၍ ယနေ့နံနက်ပိုင်းက ခြောက်ကောင်ကျေးရွာတွင် ငှက်ဖျားရောဂါကာကွယ်နှိမ်နင်းရေး အသိပညာပေး လုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ချောင်းသာမြို့ တိုက်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးထွန်းအောင်ကို (ကျန်းမာရေးကြီးကြပ်-၁)က ငှက်ဖျားရောဂါဖြစ်ပွားစေနိုင်သော အကြောင်းအရင်းများ၊ ရောဂါသွင်ပြင်နှင့် လက္ခဏာများအကြောင်း၊ ငှက်ဖျားရောဖြစ်ပွားမှုမှ ကာကွယ်နိုင်ရန်ပြုမူနေထိုင်ရှောင်ရှားသင့်သည်များကို အသိပညာပေး ဟောပြောခဲ့သည်။

ထို့နောက် တိုက်နယ်ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများက တက်ရောက်လာသော ကျေးရွာသူ/သားများအားငှက်ဖျားရောဂါ ကာကွယ်နှိမ်နင်းရေးအတွက် အခမဲ့ငှက်ဖျားသွေးဖောက် စစ်ဆေးပေးခဲ့ကြပြီးငှက်ဖျားရောဂါ ဖြစ်ပွားနိုင်သည့် နေရာများသို့ သွားလုပ်ကိုင်ရသည့် အိမ်ထောင်စုများအား ဆေးစိမ်ခြင်ထောင်များ ဖြန့်ဝေပေးခြင်းလုပ်ငန်းများကို ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ကျော်ကျော်