မအူပင်မြို့၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန နှစ် (၃၀) ပြည့်အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်း

မအူပင် ဇွန် ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန နှစ် (၃၀) ပြည့် နှစ်ပတ်လည်နေ့အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းခြင်းအခမ်းအနားအား ယနေ့နံနက် (၉) နာရီက မအူပင်ခရိုင် အထွေထွေရောဂါကုဆေးရုံကြီး၌ ကျင်းပပြုလုပ်သည်။

နှစ် (၃၀) ပြည့်အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းမှုအခမ်းအနားအား မအူပင်ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူးဒေါ်နွယ်နီစိုး၏ ဦးဆောင်မှုဖြင့် မအူပင်ခရိုင်အတွင်းရှိ မအူပင်၊ ညောင်တုန်း၊ ပန်းတနော်၊ ဓနုဖြူမြို့နယ်ရုံးများမှ ဝန်ထမ်းအင်အား (၁၆) ဦးတို့မှ စုပေါင်းသွေးလှူဒါန်းခဲ့ကြသည်။

အဆိုပါစုပေါင်းသွေးလှူဒါန်းခြင်းအခမ်းအနားအား မအူပင်ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးတိုးဝင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများတက်ရောက် ကြည့်ရှု့အားပေးခဲ့ကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်၊ ဒုတိယညွှန်ကြားရေးမှူးဒေါ်နွယ်နီစိုးနှင့် တာဝန်ရှိသူများမှ ကြက်ဥများ၊ အချိုရည်များ စသည့်အာဟာရပစ္စည်းများပေးအပ်ခဲ့ကြောင်း သိရသည်။

အောင်မြင့်မြတ် (ပြန်/ဆက်)