မြောင်းမြမြို့တွင် အခြေခံစားသောက်ကုန်များအား စျေးနှုန်းသက်သာစွာဖြင့်ရောင်းချ

မြောင်းမြ ဇွန် ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် အခြေခံစားသောက်ကုန်များအား ဇွန်လ (၂) ရက်နေ့မှစ၍ စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိရာ ယနေ့နံနက် (၇း၀၀)နာရီအချိန်က အောင်ဆန်းလမ်းနှင့် (၇) လမ်းထောင့်တွင် ဆက်လက်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

 အဆိုပါအခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ကြက်ဥနှင့် ဘဲဥများအား မြောင်းမြခရိုင် ကုန်စျေးနှုန်းတည်ငြိမ်ရေးကော်မတီမှ စျေးရောင်းအဖွဲ့ (၅) ဖွဲ့အား ဖွဲ့စည်းတာဝန်ပေး၍ မိမိတို့တာဝန်ကျသည့်နေ့တွင် ဆန်သီးထပ်ရင် တစ်ပြည်လျှင် (၂၀၀၀) ကျပ်နှုန်းဖြင့်လည်းကောင်း၊ စားအုန်းဆီ တစ်ပိဿာလျှင် (၇၀၀၀) ကျပ်နှုန်းဖြင့်လည်းကောင်း၊ ကြက်ဥတစ်လုံးလျှင် (၃၅၀) ကျပ်နှုန်းဖြင့်လည်းကောင်း၊ ဘဲဥတစ်လုံးလျှင် (၄၀၀) ကျပ်နှုန်းဖြင့်လည်းကောင်း မူလစျေးနှုန်းအောက်လျှော့ချ၍ ရောင်းချပေးလျက် ရှိကြောင်း သိရသည်။

အဆိုပါ အခြေခံစားသောက်ကုန်များအား ယနေ့ဇွန်လ (၁၂)ရက်နေ့တွင် မြောင်းမြခရိုင်/မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် မြန်မာ့လျှပ်စစ်ဓါတ်အားပေးရေးလုပ်ငန်း စျေးရောင်းအဖွဲ့တို့မှ ဆန် (၄၀) အိတ်၊ စားအုန်းဆီ (၁၁၀) ပိဿာ၊ ကြက်ဥ (၁၅၀၀) လုံးနှင့် ဘဲဥ (၃၀၀) လုံးတို့အား စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

ဇေယျာ(မြောင်းမြ)