ထားဝယ်မြို့၌ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကျင်းပ

ထားဝယ် ဇွန် ၁၂

ကမ္ဘာ့ကလေးအလုပ်သမားဆန့်ကျင်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယနေ့မွန်းလွဲ ၁ နာရီက ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီးအလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနရုံး၌ ကျင်းပသည်။

ဆွေးနွေးပွဲတွင် အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ တိုင်းဒေသကြီးစစ်ဆေးရေးမှူး ဒေါ်သန်းသန်းအေးက ကလေးအလုပ်သမားအဓိပ္ပာယ်၊ အဆိုးဝါးဆုံးပုံစံဖြင့်အလုပ်ခိုင်းစေခြင်းအဓိပ္ပာယ်၊ ကလေးအလုပ်သမားဖြစ်ပေါ်စေသည့် အကြောင်းတရားများ၊ မူဝါဒနှင့်ဥပဒေအကြောင်းအရာ၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့်လုပ်ငန်း စီမံချက်အကောင်အထည်ဖော်ဆောင်ရွက်မှု စသည့်တို့ကို အသိပညာပေးရှင်းလင်းဆွေးနွေးပြောကြားပြီး ကလေးအလုပ် သမားပပျောက်ရေးဆိုင်ရာလုပ်ငန်းများသည် အမျိုးသားရေးတာဝန်တစ်ရပ်ဖြစ်ပြီး နိုင်ငံတော်၏ အနာဂတ်ပုံရိပ်ကောင်းမွန် ရေးအတွက်ဆောင်ရွက်ရခြင်းဖြစ်သဖြင့် ကလေးအလုပ်သမားလျော့နည်းပပျောက်ရေးအတွက် နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ သက်ဆိုင်ရာဝန်ကြီးဌာနနှင့် အစိုးရအဖွဲ့အစည်း၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ လူမှုမိတ်ဖက်အဖွဲ့အစည်းများ နှင့် အပြည်ပြည်ဆိုင်ရာအစိုးရမဟုတ်သောအဖွဲ့အစည်းများအားလုံးက ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း ပြောကြားသည်။

ဆွေးနွေးပွဲသို့စက်ရုံ၊ အလုပ်ရုံ၊ ဆိုင်နှင့်အလုပ်ဌာနများမှ တာဝန်ခံများနှင့်တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ထားဝယ်ခရိုင် (ပြန်/ဆက်)