ဘုတ်ပြင်း ဇွန် ၁၂
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကြီးကြပ်မှုဖြင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံမွေးမြူရေးနှင့် တိရိစ္ဆာန်ကျန်းမာရေးစောင့်ရှောက်မှု သင်တန်းဖွင့်ပွဲကို ယနေ့နံနက်က ကမာချောင်းကျေးရွာအုပ်စု အေးချမ်းမြိုင်-၁ ကျေးရွာ၊ ကျေးရွာ ဘက်စုံသုံးခန်းမ၌ ကျင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ဘုတ်ပြင်းခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသန်းထွန်းဦးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးလှကြိုင်တို့က သင်တန်းဖွင့်အမှာစကား ပြောကြားသည်။ ယင်းနောက် ဘုတ်ပြင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အေးသက်သက်ခိုင်က သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး သင်တန်းနည်းပြဆရာ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာ အေးမင်းထွေးက သင်ခန်းစာများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ သင်တန်းကို အေးချမ်းမြိုင်-၁ ကျေးရွာမှ စိတ်ပါဝင်းစား၍ မြေပြင်တွင်အမှန်တကယ် လုပ်ကိုင်ဆောင်ရွက်နေသည့် သင်တန်းသားသင်/တန်းသူ(၂၀)ဦး တက်ရောက်ကြပြီး ဇွန်လ (၁၂) ရက်နေ့မှ (၁၆) ရက်နေ့ထိ သင်တန်းကာလ(၅) ရက်ကြာ စာတွေ့လက်တွေ့ ဖွင့်လှစ်ပို့ချသွားမည် ဖြစ်ကြောင်း သိရသည်။
မြို့နယ် ( ပြန်/ဆက်)