သရက်ချောင်း ဇွန် ၁၂
တိုးတက်မှုများထင်ရှားလည်း ပိုမိုဆောင်ရွက်ဖို့ ကြိုးပမ်းမှုအရှိန်အဟုန်မြှင့်တင်စို့"ဆောင်ပုဒ်နှင့်အညီ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ကော်မတီဝင်များကြီးကြပ်မှုဖြင့် ၂၀၂၅ခုနှစ်၊ ကမ္ဘာ့ကလေးအလုပ်သမား တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ဆိုင်းဘုတ်အား ဇွန်လ ၁၂ ရက်နေ့ ယနေ့နံနက်ပိုင်းတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများက သရက်ချောင်းမြို့၊ မြို့တော်ခန်းမရှေ့တွင် စိုက်ထူခဲ့သည်။
အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့သည် ကမ္ဘာတစ်ဝန်းရှိ ကလေးအလုပ်သမားများ၏ အတိဒုက္ခများ၊ အခက်အခဲများနှင့် ၎င်းတို့ကို မည်သို့သော အကူအညီ အထောက်အပံ့ပေးနိုင်ရေးတို့ကို မီးမောင်းထိုးပြနိုင်ရန်ရည်ရွယ်ပြီး နှစ်စဉ်ဇွန်လ ၁၂ ရက်နေ့ကို “ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့” အဖြစ် သတ်မှတ်၍ ကျင်းပဆောင်ရွက်လျက်ရှိကြောင်း၊ ကလေးများအပါအဝင် လူသားတိုင်းဖွံ့ဖြိုးမှု၊ ကောင်းမွန်သော ပညာရေးနှင့်သင့်လျော်သော နေရာထိုင်ခင်းရရှိမှု အခွင့်အရေးရရှိစေရန်နှင့် လေးစားစွာဆက်ဆံခံရမှုရှိစေရန်၊ အောင်မြင်မှုနှင့်ဖွံ့ဖြိုးမှုအတွက် ကလေးအလုပ်သမားများအား အသုံးချခြင်းမရှိစေရန်၊ နိုင်ငံတော်အနေဖြင့် ကလေးအလုပ်သမား လျော့နည်းပပျောက်ရေးကို နိုင်ငံတော်၏ ဦးစားပေးလုပ်ငန်းတစ်ရပ်အဖြစ် သတ်မှတ်လုပ်ဆောင်ခဲ့ပြီး အမျိုးသားကော်မတီ သည် ချမှတ်ရေးဆွဲထားသည့် လုပ်ငန်းစဉ်နှင့် စီမံချက်များအတိုင်း သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ၂၀၂၅ခုနှစ်၊ ဇွန်လ ၁၂ ရက်နေ့တွင် ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့နှင့် အထိမ်းအမှတ်လှုပ်ရှားမှုများအား ဆောင်ပုဒ်ပါ ရည်မှန်းချက်အတိုင်း ကလေးအလုပ်သမားပပျောက်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင်၍ ပိုမိုအလေးထားလုပ်ဆောင်သွားကြမည်ဖြစ်ကြောင်း သိရသည်။
ပြည့်ဖြိုးပိုင်(ပြန်/ဆက်)