ဟားခါးမြို့၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန နှစ် (၃၀) ပြည့် နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် ဝန်ထမ်းများ စုပေါင်းသွေးလှူဒါန်း

ဟားခါး ဇွန် ၁၂

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန နှစ် (၃၀) ပြည့် နှစ်ပတ်လည်နေ့ အထိမ်း အမှတ်အဖြစ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ထမ်းများက ဇွန်လ ၁၂ ရက် နံနက် ၈ နာရီခွဲတွင် ချင်းပြည်နယ် ၊ ဟားခါးမြို့ ပြည်သူ့ဆေးရုံကြီး၌ စုပေါင်းသွေးလှူဒါန်းခဲ့ကြသည်။

အဆိုပါ သွေးလှူဒါန်းခြင်းအခမ်းအနားသို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ချင်းပြည်နယ်ဦးစီးမှူး ဦးရဲဇင်လတ်၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန ချင်းပြည်နယ် ဦးစီးမှူး ဒေါက်တာချမ်းငြိမ်းမောင် ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်နယ်၊ ခရိုင်၊ မြို့နယ်ရုံးမှ ဝန်ထမ်းများနှင့် ဟားခါးပြည်သူ့ဆေးရုံကြီးရှိ ကျန်းမာရေးဝန်ထမ်းများ တက်ရောက်ကြပြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်နယ်၊ ခရိုင်၊ မြို့နယ်ရုံးမှဝန်ထမ်းများ သွေးများလှူဒါန်းကြရာ သွေးလှူဒါန်းသော ဝန်ထမ်းများအား ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန ချင်းပြည်နယ်ဦးစီးမှူးနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ချင်းပြည်နယ်ဦးစီးမှူးတို့က အဟာရဖြည့်အစားစာများပေးအပ်ခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)