ဘုတ်ပြင်း ဇွန် ၁၂
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က ကမာချောင်းကျေးရွာအုပ်စု၊ အေးချမ်းမြိုင် (၂) ကျေးရွာ မူလွန်-ကျွေးချောင်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေး ဟောပြောပွဲတွင် မူလွန်-ကျွေးချောင်းကျောင်း ကျောင်းအုပ်ဆရာကြီး ဦးထင်ကျော်လွင်က ကျောင်းသား/ကျောင်းသူများ ယာဉ်အန္တရာယ် ကင်းရှင်းစေရေး အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ပြောကြားသည်။ ဆက်လက်၍ မြို့နယ်ဥပဒေအရာရှိ ဒေါ်ယဉ်လဲ့မင်းဝေ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဖြူဖြူသိန်းနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံမှ ရဲတပ်ကြပ်ကြီး သာဇံတို့က ကျောင်းသား/ကျောင်းသူများအနေဖြင့် ယာဉ်အန္တရာယ် ကင်းရှင်းစေရေးလိုက်နာ ဆောင်ရွက်ရမည့် အချက်များနှင့် လမ်းဖြတ်ကူးသွားလာရာတွင်လည်း သတိပြုဆောင်ရွက်ရမည့်အချက်များ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသုံးပြုသူများလိုက်ရဆောင်ရွက်ရမည့် အကြောင်းအရာများကို အသိပညာပေး အသီးသီးဟောပြောပြီး ကျောင်းသား/ကျောင်းသူများက သိလိုသည်များ မေးမြန်းခဲ့ကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)