မြန်အောင်ခရိုင် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ စားအုန်းဆီ၊ ဆန်နှင့်ကြက်ဥများကို စျေးနှုန်းသက်သာစွာရောင်းချပေးနေမှုအား မြန်အောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ကြည့်ရှုအားပေး

မြန်အောင် ဇွန် ၁၂

ဧရာဝတီတိုင်းဒေသကြီး၊မြန်အောင်ခရိုင် မြန်အောင်မြို့နယ်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များ အသင်းမှ အမှတ် (၁) ရပ်ကွက်၌ စားအုန်းဆီဝယ်ယူခွင့်စာအုပ်ဖြင့် ယနေ့နံနက်ကစားအုန်းဆီ၊ ဆန်နှင့်ကြက်ဥများကို စျေးနှုန်းသက်သာစွာရောင်းချပေးနေမှုအား မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင် ကြည့်ရှုအားပေးခဲ့သည်။

မြန်အောင်မြို့နယ်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ  စားအုန်းဆီတစ်ပိဿာ (၆၈၅၀) ကျပ်နှုန်းဖြင့် စားအုန်းဆီ (၂၈၆၀) ပိဿာ၊ ဆန်တစ်ပြည် (၂၀၀၀) ကျပ်နှုန်းဖြင့် ဆန်(၁၀) အိတ်၊ ကြက်ဥတစ်လုံး (၃၀၀) ကျပ်နှုန်းဖြင့်ကြက်ဥအလုံး (၁၀၀၀) ရောင်းချပေးမှုအား မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်နှင့်အတူ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန ဦးစီးအရာရှိ ဦးမြင့်အောင်နှင့် မြန်အောင်ခရိုင် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမင်းဇော်ဦး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖတို့က ကြည့်ရှုအားပေး ကူညီဆောင်ရွက်ပေးခဲ့ကြသည်။

ဝင်းဗိုလ် (ပြန်/ဆက်)