မုံရွာ ဇွန် ၁၂
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ နှစ် (၃၀) ပြည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဝန်ထမ်းများစုပေါင်းသွေးလှူဒါန်းခြင်း အခမ်းအနားကို ဇွန်လ ၁၂ ရက်နေ့ နံနက် (၉) နာရီခွဲက မုံရွာမြို့ ပြည်သူ့ဆေးရုံးကြီးရှိ သွေလှူဘဏ်တွင် ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန တိုင်းဒေသကြီး ဦးစီးဌာနမှူး ညွှန်ကြားရေးမှူး ဦးဇင်ထက် က လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ နှစ် (၃၀) ပြည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဝန်ထမ်းများစုပေါင်းသွေးလှူဒါန်းရခြင်း၏ ရည်ရွယ်ချက်အားရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ညွှန်ကြားရေးမှူးနှင့်အတူ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဒေါက်တာမြင့်ကျော်နှင့် တာဝန်ရှိသူများက ဝန်ထမ်းများ စုပေါင်းသွေးလှူဒါန်းနေမှုအား ကြည့်ရှုအားပေးပြီးနောက် မုံရွာအခြေပြုရုံးများမှအရာထမ်း (၃) ဦးနှင့် အမှုထမ်း (၁၂) ဦး စုစုပေါင်း ဝန်ထမ်း(၁၅)ဦးတို့အား ကျန်းမာရေးဆေးဝါးများအပြင် အာဟာရ ဖြည့်ဆွက်စာအဖြစ် ကြက်ဥ၊ အချိုရည်နှင့် ရေသန့်ဘူးများကို ပေးအပ်ခဲ့ကြောင်းသိရသည်။
အလားတူ တိုင်းဒေသကြီးအတွင်ရှိ သက်ဆိုင်ရာရုံးများတွင်လည်း စုပေါင်းသွေးလှူဒါန်းပွဲကိုကျင်းပခဲ့ရာ သွေးလှူဒါန်းသူအမှုထမ်း (၁၂) ဦး ရှိကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)