ငပုတောမြို့နယ်၌ ကြဲခင်းစနစ်ပ‌ပျောက်စေရေး မျိုးစေ့ချကိရိယာ (Drum Seeder) ဖြင့် မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲ ပြုလုပ်

ငပုတော ဇွန် ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ လိပ်ချောင်းကျေးရွာအုပ်စုတွင် ကြဲခင်းစနစ်ပ‌ပျောက်စေရေးနှင့် အထွက်နှုန်းတိုးတက်စေရေး Drum Seeder ဖြင့် မိုးစပါး မျိုးစေ့ချစိုက်ပျိုးခြင်းအား၊ တောင်သူဦး‌ဇော်ဝင်း၏ ဦးပိုင်အမှတ် ၁/၄ ၊ ကွင်းအမှတ်၁၃၈၃၊ စိုက်ဧက (၃.၈၉) ဧကတွင် ကျင်းပပြုလုပ်ရာ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားစေရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သူ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးဆန်းဝင်း၊ မြို့နယ်မြေစာရင်းဦးစီးမှူး ဦးမင်းဇင်နိုင်နှင့် စိုက်တိုးမြှင့်အဖွဲ့ဝင်များ တောင်သူများ တက်ရောက်ကြသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးကျော်သူကတောင်သူများအား ကြဲခင်းစနစ်ပပျောက်ရေးနှင့် အထွက်နှုန်းတိုးတက်စေရေး၊ ပြည်တွင်းစားနပ်ရိက္ခာပြည့်စုံဖူလုံရေးနှင့် ပြည်ပတင်ပို့မှုတို့အတွက် လျာထားချက်ပြည့်မီကျော်လွန်စေရန် ပန်းတိုင်အထွက်နှုန်း စပါးတင်း ၁၀၀ နှင့် အထက်ထွက်ရှိအောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး မျိုးစေ့ချကိရိယာ (Drum Seeder) ဖြင့် မိုးစပါး မျိုးစေ့ချ သရုပ်ပြခြင်းအား ကြည့်ရှုအားပေးခဲ့ကြသည်။

မျိုးစေ့ချကိရိယာ (Drum Seeder) ကို အသုံးပြုခြင်းဖြင့် မျိုးစေ့နှုန်းသက်သာစေခြင်း၊ ရေလိုအပ်မှုနည်းခြင်း၊ ပေါင်းသတ်ဆေး၊ ပိုးသတ်ဆေးများဖြန်းရာတွင် လွယ်ကူခြင်းနှင့် အပင်ပြုစု စောင့်ရှောက်ရေး လုပ်ငန်းများလွယ်ကူစေ၍ သီးနှံအရည်အသွေးနှင့် အထွက်နှုန်းများ ကောင်းမွန်ကာဈေးကွက်ရရှိပြီး ပြည်ပသို့တင်ပို့ ရောင်းချနိုင်သည့်အတွက် တောင်သူများ၏တစ်ဦးချင်း ဝင်ငွေများတိုးပွားလာကာ လူမှုစီးပွာဘဝမြင့်မားလာမည်ဖြစ်ကြောင်း သိရသည်။

အောင်သူ (ပြန်/ဆက်)