ကြံခင်းမြို့၌ ဆန်၊ ကြက်ဥ၊ စားအုန်းဆီများအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး

ကြံခင်း ဇွန် ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ​ကြံခင်းမြို့၊ မဟာဘောဂလမ်း၊ ဈေးတာဝန်ခံရုံးရှေ့ တွင် အခြေခံပြည်သူများ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်စေရန် မြို့နယ်ကုန်စျေးနှုန်းတည်ငြိမ် ကျဆင်းရေးကော်မတီက ယနေ့နံနက် ၈ နာရီက အခြေခံစားသောက်ကုန်များဖြစ်သော ဆန်၊ ကြက်ဥ၊ စားအုန်းဆီနှင့် အသားများကို စျေးနှုန်းသက်သာသောစွာဖြင့် ရောင်းချပေးလျက်ရှိသည်။

ထိုသို့ရောင်းချပေးရာတွင် မြို့နယ်ကုန်စျေးနှုန်းတည်ငြိမ်ကျဆင်းရေးကော်မတီနှင့် လုပ်ငန်းရှင်များပူးပေါင်း၍ ဆန်တစ်ပြည် ငွေကျပ်၂၀၀၀၊ ကြက်ဥခြောက်လုံးပါ တစ်ထုပ်လျှင် ငွေကျပ် ၂၀၀၀၊ ဆီ ငါးဆယ်ကျပ်သားလျှင် ငွေကျပ် ၃၅၀၀ နှင့် အမဲသား ၂၅ ကျပ်သားကို ငွေကျပ် ၅၀၀၀ နှုန်းတို့ဖြင် စုစုပေါင်း ဆန် (၂) အိတ်၊ ဆီ ၁၀၀ ပိဿာ၊ ကြက်ဥ အလုံး (၁၄၀၀)၊ အမဲသား (၁၀)ထုပ် တို့ကို မြို့နယ် အထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများနှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များက စားသုံးသူများလက်ဝယ်အရောက် ရောင်းချပေးခဲ့သည်။

အဆိုပါရောင်းချနေမှုကို ခရိုင်ကုန်စျေးနှုန်းတည်ငြိမ်ကျဆင်းရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးလှိုင်၊ မြို့နယ်ကုန်စျေးနှုန်းတည်ငြိမ်ကျဆင်းရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူး သောင်းထွဋ်လွင်၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြည်စိုးနှင့် အဖွဲ့ဝင် များ၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများက လိုက်လံကြည့်ရှုကာ စားသုံးသူများ စျေးနှုန်းသက်သာစွာနှင့် အဆင်ပြေစွာဝယ်ယူနိုင်ရန် ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ဖြိုးဝေလင်း

ကြံခင်း(ပြန်/ဆက်)