ကရသူရိ ဇွန် ၁၂
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ် ကရသူရိမြို့၊ ကော့ဗမာကျေးရွာအုပ်စု၊ အေးမြသာယာကျေးရွာ၌ ကျောက်ထနောင်းတပ်နယ် နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ဒေသခံပြည်သူများအား အခမဲ့ ဆေးဝါးကုသပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်ခြင်းကို ယနေ့ နံနက် ၈ နာရီက ပညာသီရီအောင်မင်္ဂလာ ဘုန်းတော်ကြီးကျောင်း တိုက်၌ ကုသဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဒေသခံပြည်သူများ ကျန်မာရေးနှင့်ညီညွတ်၍ လိုအပ်သည့်ဆေးဝါးပစ္စည်းများ ရရှိရေး အခမဲ့ ကျန်းမာရေးစောင့်ရှောက်ပေးခြင်းကို အမှတ်(၃၈) ရေတပ်စခန်းမှ ဒုတိယဗိုလ်မှူးကြီး ကျော်သီဟနှင့် ဆေးတပ်ဖွဲ့ဝင်များ၊ မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးအေးမျိုးအောင်နှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ တိုက်နယ်ဆေးရုံတာဝန်ခံ ဆရာဝန် ဒေါက်တာကျော်လင်းထွန်းနှင့် ကျန်းမာရေးဝန်ထမ်းများ၊ အမှတ် (၅၈၁) ခြေမြန်တပ်ရင်းနှင့် အမှတ် (၅၉၃) ခြေမြန်တပ်ရင်းမှ ဆေးတပ်ဖွဲ့ဝင်များဖြင့် ဒေသခံပြည်သူများအား ရောဂါ ရှာဖွေစမ်းသပ်ခြင်း/ စစ်ဆေးခြင်း၊ ဆေးကုသပေးခြင်းနှင့် ဆေးဝါးများ အခမဲ့ပေးခြင်း၊ သက်ကြီးရွယ်အိုများအား ကျန်းမာရေးစောင့်ရှောက်ခြင်း စသည်တို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထို့နောက် ဒုတိယဗိုလ်မှူးကြီးနှင့် အဖွဲ့သည် ဆေးဝါးကုသရန် လာရောက်လျက်ရှိသည့် ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခြင်း၊ လိုအပ်ချက်များအား မေးမြန်းခြင်းနှင့် အားဖြည့်အာဟာရများ ကျွေးမွေးခြင်းတို့ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။၊
မြို့နယ် (ပြန်/ဆက်)