ကျွန်းလှမြို့နယ်တွင် ယခုနှစ်မိုးရာသီ၌ ကျွဲ၊ နွား တိရစ္ဆာန်အစာ ၈၅၃ ဧက စိုက်ပျိုးမည်

ကျွန်းလှ ဇွန် ၁၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ ကျွဲ၊ နွား တိရစ္ဆာန်အစာ ၈၅၃ ဧက စိုက်ပျိုးမည်ဖြစ်ကြောင်း ကျွန်းလှမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

“ဒီနှစ်မိုးရာသီ ကျွန်းလှမြို့နယ်မှာ ကျွဲ၊ နွား တိရစ္ဆာန်အစာ စိုက်ပျိုးဖို့ ၈၅၃ ဧကလျာထားပါတယ်။ တောင်သူတွေ ဒီလကုန်စိုက်ပျိုးကြဖို့ ပြင်ဆင်နေကြပါတယ်။ စိုက်ဧကပြည့်မီအောင်နဲ့ အောင်မြင် ဖြစ်ထွန်းဖို့ စိုက်ပျိုးရေးနည်းပညာများ ပံ့ပိုးပေးသွားမှာဖြစ်ပါတယ်။ ကျွဲ၊ နွားတိရစ္တာန်အစာ စိုက်ပျိုးကြသည့်အပြင် ကောက်ရိုး၊ မြေပဲရိုး စတဲ့ တိရစ္တာန်အစားအစာများကို တောင်သူ‌တွေ စုဆောင်းထားကြပါ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဒေါ်မြင့်မြင့်ရီက ပြောသည်။

အဆိုပါ ကျွဲ၊ နွား တိရစ္ဆာန်အစာစိုက်ပျိုးသည့် တောင်သူများအား မျိုးစေ့များရရှိရေး၊ စိုက်နည်းစနစ်မှန်ကန်ရေး၊ ပိုးမွှားကင်းစင်ပြီး အောင်မြင်ဖြစ်ထွန်းရေး၊ တို့ချဲ့စိုက်ပျိုးရေး စသည့် စိုက်ပျိုးရေးနည်းပညာများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကျွန်းလှမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ခုနှစ်၊ မိုးသီးနှံစိုက်ပျိုးရာသီ၌ စပါး၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံ၊ နှစ်ရှည်ပင်နှင့်အခြားသီးနှံများ စိုက်ပျိုးကြသည့်အပြင် ကျွဲ၊ နွားတိရစ္ဆာန်အစာများ စိုက်ပျိုး ကြကြောင်း၊ ‌ဒေသခံပြည်သူများ အလုပ်အခွင့်အလမ်းရရှိနေကြပြီး လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။

မျိုးဝင်းညို