ဖျာပုံမြို့၌ ခေတ်မီစံပြကျေးရွာထူထောင်ရေး စီမံကိန်းမိတ်ဆက် ရှင်းလင်းပွဲကျင်းပ

ဖျာပုံ ဇွန် ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှဦးဆောင်၍ ခေတ်မီစံပြကျေးရွာ ထူထောင်ရေး စီမံကိန်းမိတ်ဆက်ရှင်းလင်းပွဲကို ယမန်နေ့နေ့လယ်ပိုင်းအချိန်က ဖျာပုံမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်းမိတ်ဆက်ရှင်းလင်းပွဲတွင် ဖျာပုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်ဝင်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းအေးက စီမံကိန်းခေတ်မီစံပြကျေးရွာ ထူထောင်ရေးစီမံကိန်း၏ အဓိကရည်မှန်းချက်၊ ရည်ရွယ်ချက်များအား အသေးစိတ်ရှင်းလင်းပြောကြားသည်။

ထို့နောက်ဖျာပုံမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးသန်းဇော်စိုးက စီမံကိန်းနှင့်ဆောင်ရွက်ရမည့် အခြေအနေများအား ရှင်းလင်းပြောကြားပြီး အခမ်းအနားသို့ တက်ရောက်လာကြသော ဌာနဆိုင်ရာများမှ အကြံပြုဆွေးနွေးကြကြောင်း သိရှိရသည်။

အောင်ဝင်းနိုင်