မြဝတီ ဇွန် ၁၂
ဇွန်လ (၁၅) ရက်နေ့တွင် ကျရောက်မည့် နှစ် (၃၀) ပြည့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ နှစ်ပတ်လည်နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့နံနက် ၉ နာရီက ပြည်သူ့အကျိုးပြုလုပ်ငန်းဖြစ်သည့် စုပေါင်းသွေးလှူဒါန်းပွဲကို အမှတ်(၄) ရပ်ကွက်၊ ခရိုင်ပြည်သူ့ ဆေးရုံကြီးတွင် စုပေါင်းဆောင်ရွက်သည်။
ဦးစွာ စုပေါင်းသွေးလှူဒါန်းပွဲကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြဝတီခရိုင်၊ ခရိုင်ဦးစီးမှူး၊ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ကျော်သန်း ဦးဆောင်၍ ခရိုင်နှင့် မြို့နယ်အဆင့် ဝန်ထမ်း (၅) ဦးတို့က စုပေါင်းသွေးလှူဒါန်းကြသည်။
ထို့နောက် မြဝတီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်းနှင့်အဖွဲ့ဝင်များ၊ ကရင်ပြည်နယ်၊ လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး၊ ဦးမြင့်ဘုန်းတို့က စုပေါင်းသွေးလှူဒါန်းသည့် အရာထမ်း၊ အမှုထမ်းတို့အား ကြည့်ရှုအားပေးစကား ပြောကြားပြီး သွေးအလှူရှင်တစ်ဦးလျှင် ဖြည့်စွက်အာဟာရပြည့် ကြက်ဥ၊ ဘရန်းငှက်သိုက်၊ နွားနို့နှင့် ငွေကျပ်ငါးသောင်းနှုန်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)