ပြည်ကြီးမဏ္ဍိုင်မြို့ဒေသခံများအနေဖြင့်  မှိုမုန့်သန်းများ ခူးဆွတ်ရောင်းချခြင်းဖြင့် အပိုဝင်ငွေရရှိ

ပြည်ကြီးမဏ္ဍိုင် ဇွန်  ၁၂

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊  ပြည်ကြီးမဏ္ဍိုင်မြို့ရှိ  ဒေသခံပြည်သူများသည် အများအားဖြင့် နှစ်တို၊ နှစ်ရှည်ပင်များကို အဓိကစိုက်ပျိုးလုပ်ကိုင်ကြပြီး အလေ့ကျပေါက်လျက်ရှိသည့်  အသီးအရွက်များကိုလည်း ဆွတ်ခူးရောင်းချလျက်ရှိရာဒေသခေါ် မှိုမုန့်သန်းများ ဈေးကောင်းရကြောင်း သိရသည်။

ပြည်ကြီးမဏ္ဍိုင်မြို့အတွင်းရှိ တောများနှင့် ဥယျာဉ်ခြံများတွင် မိုးဦးကျ၌ ရာဘာပင်အခြောက်များ၊ သစ်ဆွေးတုံးများတွင် မိုမုန့်သန်းများ စတင်ထွက်ရှိရာ နို့ဆီဘူး (၁) ဘူးလျှင် (၁၅၀၀) ကျပ် ရရှိရာ ဒေသခံပြည်သူများ အနေဖြင့် လိုက်လံခူးဆွတ်ရောင်းချခြင်းဖြင့် အပိုဝင်ငွေ ရရှိကြောင်း သိရသည်။ 

အဆိုပါ မိုမုန့်သန်းများကို ငှက်ပျောဖူး၊ သင်္ဘောသီး၊ တညင်ရွက်တို့နှင့် ရောနှော၍ ဟင်းလျာအဖြစ် ချက်ပြုတ်စားသုံးကြကြောင်း သိရသည်။

ပြည်ကြီးမဏ္ဍိုင်(ပြန်/ဆက်)