လိပ်သိုဒေသတွင် ပိန္နဲသီးများ လှိုင်လှိုင်ပေါ်ချိန် လိုက်လံရောင်းချခြင်းဖြင့် အပိုဝင်ငွေရရှိ

လိပ်သို ဇွန် ၁၂

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ဒေသခံများမှာ မိုးရာသီကာလ ပိန္နဲသီးမှည့်များ လှိုင်လှိုင်ထွက်ရှိချိန် ခူးယူပြီး လိုက်လံရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေ ရလျက်ရှိနေကြောင်း သိရသည်။

ဒေသခံများမှာ မိမိတို့၏ ဉယျာဉ်ခြံမြေများနှင့် မြေလွတ်နေရာများတွင် နှစ်တို၊ နှစ်ရှည် သီးနှံပင်မျိုးစုံကို စိုက်ပျိုးထားကြရာ ပိန္နဲပင်များကိုလည်း တစ်နိုင်တစ်ပိုင်စိုက်ပျိုးထားကြပြီး ပိန္နဲသီးများ ရင့်မှည့်ချိန် ခူးယူ၍ အခွံခွာ၊ အစေ့ထုတ်ပြီး တစ်ထုပ်လျှင် (၁၀၀ဝိ/-) ကျပ်ဖြင့် မြို့ပေါ်၌ လှည့်လည်ရောင်းချကြကြောင်း သိရသည်။

ဒေသထွက် ပိန္နဲသီးများမှာ ချိုပြီး အရသာကောင်းမွန်သောကြောင့် နှစ်ခြိုက်စွာဝယ်ယူစားသုံးသူ များပြားလျက်ရှိကြောင်း၊ ပိန္နဲသီးမှည့်မှ အစေ့များကို ထုတ်ယူပြီး ဟင်းလျာအဖြစ်လည်း ပြုလုပ်စားသုံးကြကြောင်း သိရသည်။

ခင်လေးနွယ်