ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သစ်စိမ်းမြေဩဇာထည့်သွင်းခြင်း၊ မျိုးသန့်ပေးအပ်ခြင်းနှင့် ပျိုးဘောင်ပြင်ဆင်ထားမှု ကြည့်ရှုအားပေး

ကျောင်းကုန်း ဇွန် ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ဇရပ်ကွင်းအုပ်စု၊ ဇရပ် ကွင်းကျေးရွာရှိ တောင်သူ ဦးဝင်းမောင် ကွင်းအမှတ် ၂/၃၈၆B၊ ဦးပိုင်အမှတ် ၁၀/၃၊ စိုက်ဧ က(၆)ဧက၌ ပိုက်ဆံလျှော်သစ်စိမ်း‌မြေဩဇာ ထယ်ထိုးထည့်သွင်းခြင်း၊ အောင်နိုင်တိုးမျိုး သန့်များ တောင်သူများအား ပေးအပ်ခြင်းနှင့် မျိုးစေ့ထုတ်စိုက်ခင်းပြုလုပ်ရန် ပျိုးဘောင် ပြင်ဆင်းထားမှုပြသခြင်း အခမ်းအနားကို ယမန်နေ့ နေ့လယ် ၁း၃၀ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ လုံ ခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းနိုင်၊ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးမှူး ဦးဇော်ဝမ်း၊ တိုင်းဒေသကြီးမြေစာရင်းဦးစီးမှူးနှင့် တိုင်းအဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်အုပ်ချုပ်‌‌ရေးမှူး ဦးစောထွန်းဝင်း၊ ခရိုင်စိုက်ပျိုးရေးဦးစီးမှူး၊ ခရိုင်မြေစာရင်းဦးစီးမှူး၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကော်မတီဥက္ကဋ္ဌ ဦးကိုကိုဦး၊ မြို့နယ်စိုက် ပျိုးရေးဦးစီးမှူးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ စိုက်ပျိုးရေးဝန်ထမ်းများနှင့် တောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဝင်းကြိုင်