မအူပင်မြို့နယ်အတွင်းရှိ ကုန်စည်များဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ထုတ်ကုန်လုံခြုံစိတ်ချမှုရှိစေရေးကွင်းဆင်းစစ်ဆေး

မအူပင် ဇွန် ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်အတွင်းရှိ ကုန်စည်များ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ထုတ်ကုန်လုံခြုံစိတ်ချမှုရှိစေရေး၊ ဈေးကွက်မရောက်မီ ကုန်စည်များ အန္တရာယ်ကင်းစေရေး၊ စားသုံးသူများ ထိခိုက်မှုမရှိစေရေးကွင်းဆင်းစစ်ဆေးခြင်းအား ယနေ့နံနက်(၁၀)နာရီက မိတ်ဖက်အဖွဲ့များနှင့်ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် မအူပင်ခရိုင် စားသုံးသူရေးရာဦးစီးဌာန ဒုတိယခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးမှ အင်းမကျေးရွာရှိ ထိုက်စီရေခဲစက်ပိုင်ရှင်နှင့်တွေ့ဆုံ၍ ဈေးကွက်မရောက်မီ ကုန်စည်များ ဘေးအန္တရာယ်ကင်းရှင်ရေးနှင့် ထုတ်ကုန်လုံခြုံစိတ်ချမှုရှိစေရေးအတွက် ရေခဲထုတ်လုပ်မှုလုပ်ငန်းလည်ပတ်‌နေမှုအား ကြည့်ရှုစစ်ဆေးပြီး တစ်နေ့ထုတ်လုပ်နိုင်မှု၊ ရေခဲအသုံးပြုရေကုန်ကြမ်းအား သန့်ရှင်းသော ရေကိုအသုံးပြု ရောင်းချရန်၊ လုပ်ငန်းရှင်များအား ဈေးကွက်မရောက်မီ “ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍” ဈေးကွက်စောင့်ကြည့် စစ်ဆေးဆောင်ရွက်ခြင်းအား အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

အောင်မြင့်မြတ်