မြန်အောင် ဇွန် ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့မနေခြည်စျေးအတွင်း ယမန်နေ့နံနက်က ဟင်္သာတခရိုင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့တို့ဖြင့် စားသောက်ကုန်များအား ရှောင်တခင်စစ်ဆေးခဲ့ကြောင်း သိရသည်။
ဟင်္သာတခရိုင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ မြန်အောင်နေခြည်စျေးအတွင်း ရောင်းချလျက်ရှိသော မုန့်ဟင်းခါး၊ မျှစ်၊ ငရုပ်ဆီမှုန့်၊ ငါးပိ၊ အချိုရည် စသည့်တို့အား စစ်ဆေးရန် နမူနာကောက်ယူခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။
အဆိုပါစားသောက်ကုန်များအား ရှောင်တခင်စစ်ဆေးရာတွင် ဟင်္သာတခရိုင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ဦးစီးအရာရှိ (အစားအသောက်) ဦးအောင်မင်းသူနှင့်ဝန်ထမ်းများ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုခရိုင်ကုသရေးဦးစီးဌာနမှူး ဒေါက်တာအောင်ဝင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ဌာနဆိုင်ရာ တာဝန်ရှိသူများက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဝင်းဗိုလ်