ဇလွန် ဇွန် ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ၂၀၂၄ ခုနှစ် အစိုးရပါဠိ ပထမပြန် စာမေးပွဲတွင် စာအောင်သံဃာတော်များအား စာအောင်လက်မှတ်နှင့် ဆုငွေဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၃ နာရီတွင် မဟာအတုလဝေယံ ပြည်တော်ပြန် သာသနာ့ဗိမာန်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားကို နမောတဿ(၃)ကြိမ် ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး နာယကဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့သည်။ ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းက သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ပြီး အစိုးရပါဠိပထမပြန် စူဋ္ဌဘွဲ့နှင်းသဘင်နာယကဆရာတော်များ၊ အထူးကြီးကြပ်ဆရာတော်များ၊ ကြီးကြပ်ဆရာတော် များနှင့် စာချဆရာတော်များအား ဝတ္ထုငွေများ၊ အစိုးရပါဠိပထမပြန်စာမေးပွဲ စာအောင် သံဃာတော်များအား အောင်လက်မှတ်နှင့်ဝတ္ထုငွေများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းနှင့် တာဝန်ရှိသူများက အသီးသီးဆက်ကပ်လှူဒါန်းခဲ့သည်။ ယင်းနောက် နာယကဆရာတော်ထံမှ သြဝါဒခံယူ၍ ရေစက်ချတရားနာကြားခဲ့ပြီး အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတုသုံးကြိမ်ရွတ်ဆို၍ အခမ်းအနား ပြီးမြောက်ခဲ့သည်။
ဝေယံ