ဘုတ်ပြင်း ဇွန် ၁၂
တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်မြို့တွင် မြို့နယ်အားကစားဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌဖလား ရပ်/ကျေး အသက် (၂၅) နှစ်အောက် အမျိုးသားသုံးယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ (၃) နာရီအချိန် ရွှေဘုံသာရပ်ကွက်ရှိ မြို့နယ်အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဗိုလ်လုပွဲတွင် ဘုတ်ပြင်း (က) အသင်းနှင့် ဘုတ်ပြင်း (ခ) အသင်းတို့၏ ယှဉ်ပြိုင်ကစားကြနေမူကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်/ ကျေးရွာများမှ အားကစားဝါသနာရှင်များအားကစားသမားများ ကြည့်ရှုအားပေးကြသည်။
ယင်းနောက် ဆုချီးမြှင့်ပွဲအခမ်းအနားကိုကျင်းပရာ ပွဲစဉ်တစ်လျှောက်အကောင်းဆုံးအားကစားများ ဆုရရှိသည့် အာကစားသမား (၂) ဦးနှင့် ပထမဆု၊ ဒုတိယဆုရရှိကြသည့် အသင်းများအား တစ်ဦးချင်းလည်ဆွဲဆုနှင့် ငွေသားဆုများကို ဌာနဆိုင်တာဝန်ရှိသူများက အသီးသီးပေးအပ်ခဲ့ပြီး အနိုင်ရဗိုလ်စွဲခဲ့သည့် ဘုတ်ပြင်း (ခ) အသင်းအား မြိုနယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီက တံခွန်စိုက်ဆုဖလားကို ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်( ပြန်/ဆက်)