ဖောင်းပြင်မြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်‌‌ဆေးဝါးအလွဲသုံးမှုနှင့်တရားမ၀င်ရောင်း၀ယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အကြိုဟောပြောပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ နံရံကပ် စာစောင်နှင့် ဓာတ်ပုံပြပွဲများကျင်းပ

ဖောင်းပြင် ဇွန် ၁၂

ဖောင်းပြင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအ‌ခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့မွန်းလွဲ(၁၂)နာရီအချိန်က ၂၀၂၅ ခုနှစ်၊ ဇွန်လ(၂၆) ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င်ရောင်း၀ယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အကြိုဟောပြောပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲများကို ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာဖောင်းပြင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဇော်လင်းအောင်က မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် စိတ်ကြွရူးသွပ်ဆေးများ၏ အန္တရာယ်၊ မူးယစ်‌ဆေးဝါးသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာသည့် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်ဆိုင်ရာဆိုးကျိုးများ၊ ပြစ်မှုပြစ်ဒဏ်များ၊ ကာကွယ်ရန်နည်းလမ်းများအကြောင်းကို အကျယ်တ၀င့် ရှင်းလင်း ဟောပြောသည်။

ထို့နောက်အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပြိင်ကိုကျင်းပရာ“ရှောင်လေဝေးဝေးမူးယစ်ဆေး” ခေါင်းစဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူ(၃၇)ဦး ပါ၀င်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများကို ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။

ပြိုင်ပွဲအပြီးတွင် ဖောင်းပြင်မြို့နယ် ပြန်ကြားရေးနင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြခန်းများကို ကျောင်းသား၊ ကျောင်းသူများက စိတ်၀င်တစားကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)