ပန်းတနော် ဇွန် ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ ဘဝိုင်းကျေးရွာအုပ်စုရှိ ကွင်းအမှတ် -၄၆၃ ခ၊ ဦးပိုင် ၂၈ ရှိ တောင်သူဦးမြင့်ဦး၏ လယ်မြေ (၄.၀၀)ဧကတွင် ယမန်နေ့နံနက် ၉ နာရီ အချိန်က ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါး တစ်ဧကအထွက်နှုန်း တိုးတက်ရေးအတွက် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)အား လယ်ကွက်အတွင်း ထည့်သွင်းမြေမြှုပ်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါပိုက်ဆံလျှော်မြေဩဇာ ထည့်သွင်းမြေမြုတ်ပွဲသို့ ခရိုင်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးနိုင်ဝင်းနှင့်အဖွဲ့ဝင်များ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဇော်ဇော်လင်းနှင့်ဝန်ထမ်းများ၊ ဒေသခံတောင်သူများ တက်ရောက်ကြပြီးတောင်သူဦးမြင့်ဦး၏လယ်ယာမြေအတွင်း တောင်သူများနှင့်တွေ့ဆုံ၍ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ထည့်သွင်းခြင်း၏ ရေရှည်အကျိုးဖြစ်ထွန်းမှု၊ အကျိုးကျေးဇူးများ၊ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားနိုင်ရေးကိစ္စရပ်များအား ရှင်းလင်းပြောကြားခဲ့ပြီး လယ်ထွန်စက်ဖြင့် သစ်စိမ်းမြေဩဇာ မြေမြုပ်ထည့်သွင်းခြင်း လက်တွေ့ဆောင်ရွက်မှုများအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)