အောင်လံမြို့နယ်၌ အခွန်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကျင်းပ

အောင်လံ ဇွန် ၁၂

မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်၌ အခွန်ထမ်းလုပ်ငန်းရှင်များအား တည်ဆဲအခွန်ဆိုင်ရာ ဥပဒေများ၊ ပြေစာများပေါ်တွင် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်စပ်လျဉ်းသည့် အခွန်ဆိုင်ရာအသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့က အောင်လံမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်း ရွှေရတုခန်းမ၌ ကျင်းပခဲ့သည်။

ဦးစွာ မြို့နယ်အခွန်ကောက်ခံမှု အထောက်အကူပြုအဖွဲဥက္ကဋ္ဌ ဦးလှရွှေက အဖွင့်အမှာ စကားပြောကြားခဲ့ပြီး၊ အောင်လံမြို့နယ်အခွန်ဦးစီးဌာနမှူး ဦးသိန်းဦးက တည်ဆဲအခွန်ဆိုင်ရာ ဥပဒေများ၊ ပြေစာများပေါ်တွင် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်နှင့် စပ်လျဉ်း၍ အကျယ်တဝင့် ရှင်းလင်းပြောကြားပြီး လုပ်ငန်းရှင်များမှ သိရှိလိုသည်များအား ပြန်လည်ဖြေကြားခဲ့ကြောင်းနှင့် ဆွေးနွေးပွဲသို့ အခွန်ထမ်းလုပ်ငန်းရှင် (၂၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

အာကာ(ပြန်/ဆက်)