စစ်ကိုင်း ဇွန် ၁၁
စစ်ကိုင်းမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၌ နွေစပါးသီးနှံကို ဇန်နဝါရီပထမပတ်မှ စတင်ပျိုးထောင်စိုက်ပျိုးခဲ့ရာ စိုက်ဧက(၄၂၃၉)ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ရာနှုန်းပြည့်စိုက်ပျိုး နိုင်ခဲ့ကြောင်း စစ်ကိုင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
စပါးသီးနှံသည် အဓိကသီးနှံများထဲမှ တစ်ခုအပါအဝင်ဖြစ်ပြီး မြန်မာနိုင်ငံ၏အဓိကစားသုံးသီးနှံဖြစ်သည့်အတွက် လျာထားဧကထက် ပြည့်မီကျော်လွန်အောင်စိုက်ပျိုးနိုင်ရေး နှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး အလေးထားဆောင်ရွက်လျက်ရှိပြီး ပန်းတိုင် အထွက်နှုန်း ရရှိရေးနိုင်ရေးအတွက် သွင်းအားစု(ဓာတ်မြေဩဇာ)နှင့် စိုက်ပျိုးရေးနည်း ပညာများ ပံ့ပိုးပေးခြင်းနှင့်အတူ တောင်သူများ စိုက်ချိန်မီ စိုက်ပျိုးရေ အဆင်ပြေလွယ်ကူစွာ ရရှိနိုင်ရေး အတွက် ဆက်စပ်ဌာနများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးလျှက်ရှိရာ ယမန်နှစ် စိုက်ဧကများ ထပ်တစ်နှစ်ထက်တစ်နှစ် နည်းစနစ်ကျနစွာ ပိုမိုစိုက်ပျိုးလာနိုင်သည့်အပြင် ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက်လိုက်နာဆောင်ရွက်ရမည့် စိုက်ပျိုးရေးနည်းပညာများအား မြို့နယ် စိုက်ပျိုးရေဦးစီးဌာနမှ ကွင်းဆင်းပညာပေးမှုများ ဆောက်ရွက်လျက်ရှိသည်။
ထို့အပြင် မြို့နယ်ဦးစီးမှူးနှင့်ဌာနဆိုင်ရာများပါဝင်သော စိုက်ပျိုးရေး ညှိနှိုင်းရေးအဖွဲ့များဖွဲ့၍ တောင်သူများ၏ စိုက်ပျိုးရေးလုပ်ငန်းအတွက် စိုက်/ညှိအစည်းအဝေးများ တစ်လလျှင်တစ်ကြိမ် ပုံမှန်ဆောင်ရွက်လျက်ရှိပြီး စိုက်ပျိုးရေးကဏ္ဍတွက် လိုအပ်သည်များ ကူညီပံ့ပိုးပေးနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နေလင်းအောင်