ကျုံပျော် ဇွန် ၁၁
မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရန်နှင့် ကြဲခင်းစနစ် လျော့နည်းပပျောက်ရန်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၌ မျိုးစေ့ချကိရိယာ (Drum Seeder)ဖြင့် သရုပ်ပြစိုက်ပျိုးခြင်း အခမ်းအနားကို ကျုံပျော်မြို့ အမှတ်(၂) အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းလယ်မြေ၌ ယနေ့နံနက် ၈ နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဝင်းက ကြဲခင်းစနစ်ပပျောက်ရေးနှင့် အစေ့ချစနစ်(Drum Seeder) အသုံးပြုခြင်းဖြင့် ရရှိမည့်အကျိုးကျေးဇူးများအား ပြေကြားသည်။ ထို့နောက်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသန်းဇော်ထိုက်က (Drum Seeder) ဖြင့် ဆောင်ရွက်ခြင်းသည် ကြဲခင်းစနစ်ထက် ပိုမိုစပါးအထွက်နှုန်းများပြီး တောင်သူများအနေဖြင့် ပိုမိုအကျိုးဖြစ်ထွန်းကြောင်းနှင့် အစေ့ချကိရိယာဖြင့် ဆောင်ရွက်သည့် နည်းလမ်းများအား အသေးစိပ်ရှင်းလင်းပြောကြားကာ တက်ရောက်လာသူများအား မျိုးစေ့ချစိုက်ပျိုးမှုအား လက်တွေ့သရုပ်ပြသခဲ့သည်။
အခမ်းအနားသို့ ကျုံပျော်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဝင်း၊ ခရိုင်စိုက်ပျိုးထုတ်လုပ်မှု တိုးတက် မြင့်မားရေးအဖွဲ့ဝင် ဒုတိယညွှန်ကြားရေးမှူး ဦးမင်းနောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်း၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသန်းဇော်ထိုက်နှင့် စိုက်တိုးမြင့်အဖွဲ့များ၊ ဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်တောင်သူများ စုစုပေါင်းအင်အား (၁၅၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)