မြဝတီမြို့ အခြေခံပညာကျောင်းများ၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ ကျင်းပ

မြဝတီ ဇွန် ၁၁

မြဝတီခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာ အသိ ပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်(၁၀)နာရီတွင် အ-ထ-က(ခွဲ)(၁) ကျောင်းနှင့် နေ့လယ် ၂ နာရီတွင် အ-ထ-က(၂) ကျောင်းတို့၌ ဆောင်ရွက်သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် အ-ထ-က(ခွဲ) (၁)နှင့် အ-ထ-က(၂) ကျောင်းမှ ကျောင်းအုပ်ဆရာမကြီးများက အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မာမာရီက မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ ကျောင်းသား/လူငယ်များ သိရှိလိုက်နာသင့်သည့် အချက်များ၊ မူးယစ်ဆေးဝါးကို လူငယ်များအနေဖြင့် စမ်းသပ်၍ မသုံးမိစေရန်နှင့် အသိပညာဗဟုသုတများ ရရှိစေရန် ကျောင်းစာအပြင် သုတ/ ရသ စာအုပ်စာပေများကို ဖတ်ရှုလေ့လာသင့်ကြောင်း ဟောပြောခဲ့ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးရန်နိုင်ထွန်းက ပလက်စတစ်သုံးစွဲမှု လျှော့ချရေးနှင့်ပတ်သက်၍ အသိပညာ ဗဟုသုတများ ဆွေးနွေးဟောပြောခဲ့ကာ ဒုတိယဦးစီးမှူး ဦးသက်ဇော်အောင်မှ ပတ်ဝန်းကျင်တွင် ညစ်ညမ်းမှုများ မဖြစ်ပေါ်စေရန် လူသားများအနေဖြင့် ပတ်ဝန်းကျင်ကို ထိန်းသိမ်းသင့်ကြောင်း ဟောပြောပေးခဲ့ပြီး မေးခွန်းများမေးမြန်းခဲ့ကာ ကျောင်းသား၊ ကျောင်းသူလေးများမှ ပြန်လည်ဖြေကြားခဲ့ပြီး ဆုများချီးမြှင့်ခဲ့ကြောင်း သိရသည်။

ထို့နောက် အ-ထ-ကခွဲ(၁)နှင့် အ-ထ-က(၂) ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအား ဗဟုသုတများရရှိစေရန်ရည်ရွယ်၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်နေ့(အကြို)အဖြစ် နံရံကပ် စာစောင်များပြသခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေပေးပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ “ပတ်ဝန်းကျင်သာယာလှပစေဖို့ ပလတ်စတစ်အမှိုက်ကင်းစင်ရေး ဆောင်ရွက်စို့” အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)