ကသာမြို့တွင် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် ယာဉ်လိုင်စင်/ယာဉ်မောင်းလိုင်စင် ရှိ/မရှိ ရှောင်တခွင်စစ်ဆေး

ကသာ ဇွန် ၁၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး အောင်လှိုင်မြင့်၏ ကြီးကြပ်ဆောင်ရွက်မှုဖြင့် ယာဉ်အန္တရာယ်ကင်းရှင်းရေး၊ မော်တော်ယာဉ်ကြီး၊ ယာဉ်ငယ်များ ဖောင်းကြွနံပတ်ပြား လဲလှယ်တပ်ဆင်းမောင်းနှင်းခြင်းနှင့် ယာဉ်လိုင်စင်၊ ယာဉ်မောင်းလိုင်စင် ရှိ/မရှိ ရှောင်တခွင်စစ်ဆေးခြင်းလုပ်ငန်းကို ယနေ့နံနက် (၉) နာရီအချိန်က အမှတ်(၂) ရဲစခန်းရှေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကသာခရိုင် ယာဉ်ထိန်းရဲတက်ဖွဲ့ဝင်များမှ ကုန်တင်ယာဉ်၊ လူစီးမော်တော်ယာဉ်ကြီးများ၊ မော်တော်ယာဉ်ငယ်များအား ယာဉ်စည်းကမ်း၊ ယာဉ်အန္တရာယ်ကင်းရှင်းရေး၊ ယာဉ်မောင်းများလိုက်နာရမည့် စည်းချက်များ၊ ကားမောင်းသည့်အချိန်တွင် ထိုင်ခုံခါးပတ်များ ပတ်ထားကြရန်၊ ယာဉ်မောင်းလိုင်စင်၊ ယာဉ်လိုင်စင်များနှင့် ဖောင်းကြွ နံပတ်ပြား အသစ်လဲလှယ် ဆောင်ရွက်ထားခြင်း ရှိ/မရှိတို့ကို စစ်ဆေးဆောင်ရွက်ခဲ့သည်။

အသိပညာပေးကာလအတွင်း မော်တော်ယာဉ်ကြီးများ၊ မော်တော်ယာဉ်ငယ်များအနေဖြင့် ဖောင်းကြွနံပတ်ပြား လဲလှယ်တပ်ဆင်ခြင်း မပြုလုပ်ရသေးပါက အမြန်ဆုံးသက်ဆိုင်ရာ ဌာနများတွင် ပြုလုပ်ဆောင်ရွက်သွားကြရန်၊ ကသာမြို့နယ်အတွင်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို မကြာခဏ ရှောင်တခွင်စစ်ဆေးသွားမည်ဖြစ်ကြောင်း ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ကျော်စွာထွန်း