မုံရွာ ဇွန် ၁၁
မုံရွာခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၏ သား/သမီးများအား ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ပညာသင်စရိတ်နှင့် ကျောင်းသုံးစာရေးကိရိယာများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ဇွန်လ ၁၁ ရက်နေ့ နံနက် (၉) နာရီခွဲအချိန်က အဆိုပါရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက အမှာစကားပြောကြားပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်နှင့် တာဝန်ရှိသူမများက တက္ကသိုလ်အဆင့်၊ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့် ကျောင်းသား ကျောင်းသူများအား ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ပညာသင်စရိတ်နှင့် ကျောင်းသုံးစာရေးကိရိယာများကို ပေးအပ်ချီးမြှင့်ခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက နိဂုံချုပ်စကားပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် မုံရွာခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် တွဲဘက်ဝန်ထမ်းများ၏ သားသမီးများအား တက္ကသိုလ်အဆင့် (၆)ဦး၊ အထက်တန်းအဆင့် (၅)ဦး၊ အလယ်တန်းအဆင့် (၆) ဦးနှင့် မူလတန်းအဆင့် (၂၃) ဦး၊ ကျောင်းသား၊ ကျောင်းသူ (၄၀) ဦးအတွက် ငွေကျပ် ၂၆၇၀၀၀၀ နှင့် ကျောင်းသုံးစာရေးကိရိယာ တန်ဖိုး ငွေကျပ် ၅၀၀၀၀၀ စုစုပေါင်း ငွေကျပ် ၃၁၇၀၀၀၀ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)